FAQs for ATOM MiniPro

ATOM Power MiniPro ကို ATOM မဟုတ်သည့်အခြားဆင်းမ်ကဒ်များဖြင့်သုံးလို့ရပါသလား
ATOM Power MiniPro ကို ATOMဆင်းမ်ကဒ်ဖြင့်သာ အသုံးပြုနိုင်ပါသည်။
ATOM Power MiniPro ကို မည်သည့် ATOM ဆင်းမ်ကဒ်ဖြင့်မဆို အသုံးပြုလို့ရပါသလား
ATOM Power MiniPro ကို မည်သည့် ATOM ဆင်းမ်ကဒ်နှင့်မဆို အသုံးပြုလို့ရပါသည်။ (B2B, Normal, FlexiNet, etc)
ATOM Power MiniPro ဖြင့် ဒေတာလက်ဆောင် ဘယ်လောက်ရနိုင်ပါလဲ
ATOM Power MiniPro ဖြင့် 30GB ကို ရက်၁၈၀သက်တမ်းဖြင့်ရရှိပါမည်။
QRဖြင့်ရယူပြီးပြီး ဘယ်လောက်အကြာမှာ ဒေတာလက်ဆောင်စတင်ရရှိမှာပါလဲ
မိနစ်အနည်းငယ်မျှသာ။
ATOM Power MiniPro ကို ဆင်းမ်ကဒ်ဘယ်နကဒ်ထည့်သုံးလို့ရပါသလဲ
၁ကဒ်သာ အသုံးပြုလို့ရနိုင်ပါသည်။
ပထမဆင်းမ်ကဒ်ဖြင့်ဒေတာလက်ဆောင်ကိုရရှိပြီးနောက် အခြား အက်တန်ဆင်းမ်းကဒ်ကိုထည့်သွင်းအသုံးပြုလို့ရပါသလား။ ထပ်ထည့်သုံးသောကဒ်တွင်လည်း ဒေတာလက်ဆောင်ထပ်ရနိုင်ပါသလား။
MiniPro တွင် ATOM ဆင်းမ်ကဒ်ဖြစ်ပါက အရေအတွက်အကန့်အသတ်မရှိထည့်သွင်းအသုံးပြုနိုင်ပါသည်။ ဒေတာလက်ဆောင်မှာ ပထမဆုံးထည့်သွင်းသောဆင်းမ်ကဒ်သာရရှိမည်ဖြစ်ပြီး အခြားထည့်သွင်းအသုံးပြုသောဆင်းမ်ကဒ်များမှာ မိမိကိုယ်ပိုင် ဒေတာပလန်များမှအသုံးပြုရမည်ဖြစ်ပါသည်။
ဒေတာလက်ဆောင်ကို ဆင်းမ်ကဒ် ဘယ်လောက်အရေအတွက် ရယူနိုင်ပါသလဲ
စက်တစ်လုံးအတွက် တစ်ကဒ်သာရယူနိုင်ပါသည်။
ဒေတာလက်ဆောင်ကို အခြားဆင်းမ်ကဒ်ထံလွှဲပြောင်းပေးလို့ရပါလား
မရပါ။
ဒေတာလက်ဆောင်ကို သက်တမ်းကုန်ပြီး နောက်ထပ်သက်တမ်းတစ်ခုထံ သယ်ဆောင်လို့ရပါလား
မရပါ။