လစဉ်ဒေတာသတ်မှတ်ချက်ပမာဏ ပြောင်းလဲမှုနှင့်ပတ်သက်သမျှ

1. ATOM Home Wireless ကို မေလ ၂၀ ရက်နေ့ မှ စတင်၍ မည်သည်တို့ကိုအဓိကပြောင်းလဲထားသနည်း?
မေလ ၂၀ ရက်နေ့ မှ စတင်၍ ATOM အိမ်သုံးကြိုးမဲ့ အင်တာနက် ၏ လစဉ်ဒေတာသတ်မှတ်ချက် နှင့်ထပ်တိုးဒေတာအစီအစဉ် တို့ကို အဓိကပြောင်းလဲထားပါသည်။
2. ATOM အိမ်သုံးကြိုးမဲ့ အင်တာနက်အတွက် လစဉ်ဒေတာသတ်မှတ်ချက် ပမာဏ အသစ် (မျှတစွာသုံးစွဲခြင်းမူဝါဒ)မှာ မည်မျှနည်း?
ATOM အိမ်သုံးကြိုးမဲ့ အင်တာနက်အတွက် လစဉ်သတ်မှတ်ချက် ဒေတာပမာဏ (မျှတစွာသုံးစွဲခြင်းမူဝါဒ) ကို ယခင် ရက်30 အတွက်111GB မှ ယခု ရက်30 အတွက်150 GB သို့ပြောင်းလဲထားပါသည်။
3. သတ်မှတ်ထားသော အများဆုံးသုံးစွဲနိုင်သော ပမာဏသို့ ရောက်ရှိ ပါက မည်သို့ဖြစ်နိုင်ပါသလဲ?
ATOM ၏အိမ်သုံးကြိုးမဲ့ အင်တာနက်အတွက် ရက်၃၀ ကို မြန်နှုန်း 10Mbps (ရရှိနိုင်သောအမြင့်ဆုံးမြန်နှုန်းသည် Service Location ရရှိမှုပေါ်တွင်မူတည်ပါသည်) ဖြင့် 150GB (မျှတစွာသုံးစွဲခြင်းမူဝါဒအရ )ရရှိမည်ဖြစ်ပြီး 150 GB ထက်ကျော်လွန်အသုံးပြုပါက ရက်၃၀ အတွင်း ကျန်ရှိသောရက်များကိုမြန်နှုန်း 0.5Mbps ဖြင့် အကန့်အသတ်မရှိဒေတာကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ ပထမရက် ၃၀ ကုန်ဆုံးသည့်နေ့တွင် မြန်နှုန်း 10Mbps ဖြင့် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ရက်၃၀ အတွက် မျှတစွာသုံးစွဲမှူပမာဏ 150 GB ရရှိမည်ဖြစ်ပါသည်။
4. လက်ရှိသုံးစွဲနေသူများအတွက်မည်ကဲ့သို့သက်ရောက်မှုရှိမည်နည်း?

လက်ရှိသုံးစွဲနေသူများ တွင် ပထမအကြိမ် 111 GB ရရှိပြီးထားသော သူများ သည် ဒုတိယအကြိမ်မှစတင်၍ 150 GB ရရှိမည်ဖြစ်သည်

လက်ရှိသုံးစွဲနေသူများ တွင် ဒုတိယအကြိမ် 111 GB ရရှိပြီးထားသော သူများ သည် တတိယအကြိမ်မှစတင်၍ 150 GB ရရှိမည်ဖြစ်သည်

လက်ရှိသုံးစွဲနေသူများ တွင် တတိယအကြိမ် 111 GB ရရှိပြီးထားသော သူများ သည် 150 GB ရရှိရန်နောက် တစ်ကြိမ်သက်တမ်းတိုးရန် လိုအပ်ပါမည်

5. ဘယ်လောက်မြန်နှုန်းကိုထောက်ပံ့ပေးမလဲ?
မြန်နှုန်းကို 10 Mbps အထိတိုးမြှင့်ပေးထားပါသည်။ ရရှိနိုင်သောအမြင့်ဆုံးမြန်နှုန်းသည် Service Location ရရှိမှုပေါ်တွင်မူတည်ပါသည်
6. စျေးနှုန်းအပြောင်းအလဲရှိမလား?
စျေးနှုန်းအပြောင်းအလဲမရှိပါ
7. ထပ်တိုးဒေတာအစီအစဉ်တွင် ပိုသောဒေတာများကို ဆက်လက်သယ်ယူအသုံးပြု၍ရပါသလား?
ထပ်တိုးဒေတာအစီအစဉ်တွင် ဒေတာကျန်ရှိနေပြီး Base Plan ကိုသက်တမ်းကုန်ဆုံးသည့်ရက်မှရက် 30 မတိုင်မီ သက်တမ်းတိုးလျှင်သယ်ယူအသုံးပြုနိုင်ပါသည်
8. ထပ်တိုးဒေတာအစီအစဉ်တွင် မည်သည့်မြန်နှုန်းဖြစ်သွားမည်နည်း?
မြန်နှုန်းကို 10 Mbps အထိတိုးမြှင့်ပေးထားပါသည်။ ရရှိနိုင်သောအမြင့်ဆုံးမြန်နှုန်းသည် Service Location ရရှိမှုပေါ်တွင်မူတည်ပါသည်
9. ထပ်တိုးဒေတာအစီအစဉ်ကို ဘယ်နှစ်ကြိမ် သယ်ဆောင် အသုံးပြုသွားနိုင်ပါသလဲ?
Base Plan ကို သက်တမ်းကုန်ဆုံးသည့်ရက်မှရက် 30 မတိုင်မီ သက်တမ်းတိုးနေသေးသရွေ့ သယ်ဆောင်အသုံးပြုသွားနိုင်ပါသည်
10. လစဉ်ဒေတာသတ်မှတ်ချက် ပမာဏ အသစ် နှင့်ထပ်တိုးဒေတာအစီအစဉ် သည် မည်သည့်အချိန်မှစ၍ အကျုံးဝင်မည်လဲ?
၂၀၂၀ မေလ ၂၀ ရက်နေ့ ၀၀း၀၁ နာရီမှစတင်၍ လစဥ် ဒေတာသတ်မှတ်ချက် ပမာဏ အသစ် မြှင့်တင်သုံးစွဲမှုမူဝါဒ နှင့် ထပ်တိုးဒေတာအစီစဥ်အသစ် စတင်သတ်ရောက်မည်ဖြစ်ပါသည်။