FAQs for ATOM Home Wireless

Relocation
ဝန်ဆောင်မှုကိုရွှေ့ပြောင်းအသုံးပြုလိုပါက မည်သို့ဆောင်ရွက်သင့်ပါသလဲ?
  1. မိမိအကောင့်ထဲမှ နေရာရွှေ့ပြောင်းသုံးစွဲရန်ကိုရွေးပါ
  2. လက်ရှိအသုံးပြုနေသောလိပ်စာများထဲမှ ရွှေ့ပြောင်းလိုသောလိပ်စာကိုရွေးပါ (လိပ်စာတစ်ခုတည်းရှိပါက ဤအဆင့်မလိုပါ)
  3. လိပ်စာအသစ်တွင်ဝန်ဆောင်မှု ရနိုင် ၊ မရနိုင် ကိုစစ်ပါ
  4. ရွှေ့ပြောင်းလိုသော ရက်စွဲကို ရွေးပါ
  5. အချက်အလက်များ မှန်/မမှန်စစ်ဆေးပြီး အတည်ပြုပါ
နေရာရွှေ့ပြောင်းအသုံးပြုမှုကို ဘယ်နှစ်ကြိမ်လုပ်နိုင်ပါသလဲ?
၃ လလျှင် ၁ ကြိမ် နေရာရွှေ့ပြောင်းအသုံးပြုနိုင်ပါသည်။
ဘယ်နှစ်ရက်ကြိုတင်၍ request လုပ်သင့်ပါသလဲ?
အနည်းဆုံး ၁ ရက်ကြိုတင်၍ request လုပ်ရပါမည်။
မိမိအတည်ပြုထားသောရက်စွဲတွင် မရွှေ့ပြောင်းဖြစ်ပါက မည်သို့ဖြစ်နိုင်သလဲ?
လိပ်စာအသစ်တွင်မိမိအတည်ပြုထားသောရက်စွဲ၌အသုံးပြုရမည် (သို့) ဝန်ဆောင်မှု ပြတ်တောက်မှုများကြုံတွေ့နိုင်ပါသည်
နေရာရွှေ့ပြောင်းအသုံးပြုမှုအတွက် ဝန်ဆောင်ခပေးရန်လိုပါသလား?
ဝန်ဆောင်ခပေးရန်မလိုပါ
အတည်ပြုထားသောရက်စွဲကိုထပ်၍ပြောင်းလဲနိုင်ပါသလား?
အတည်ပြုပြီးပါကပြောင်းလဲ၍မရပါ
Application Process
ATOM Home အင်တာနက်ကို ဘယ်မှာဝယ်လို့ရမလဲ?
broadband.atom.com.mm တွင်ဝယ်ယူနိုင်သည်။ ATOMနှင့်ချိတ်ဆက်ထားသော အရောင်းကိုယ်စားလှယ်များတွင် ဝယ်ယူနိုင်သည်။
ကွန်ရက်ဘယ်လိုစစ်ရမလဲ?
broadband.atom.com.mm တွင် လူကြီးမင်း၏တည်ရှိသော ကွန်ရက်ကိုစစ်ဆေးနိုင်ပါသည်၊ စက်အသုံးပြုမည့်နေရပ်လိပ်စာတွင် ရှိနိုင်သော plan အားစစ်ဆေးနိုင်သည်။
ဘယ်လိုနည်းတွေနဲ့ငွေပေးချေရမလဲ?

1-2-3 ဝန်ဆောင်မှုအသုံးပြု၍ ပေးဆောင်နိုင်မည်ဖြစ်သည်။

  1. 1-2-3 service ဈေးဝယ်ကောင်တာများတွင် ပေးချေကုဒ်ကိုပြ၍ ပေးဆောင်နိုင်မည်ဖြစ်သည်။
  2. အွန်လိုင်းပေးချေမှု၊ mobile banking

Mobile banking နှင့် Mobile ငွေကြေး၀န်ဆောင်မှုများမှ တဆင့်ပေးဆောင်နိုင်မည်ဖြစ်သည်။


အခြား ငွေပေးချေမှုများဖြင့် ATOM broadband website မှ တဆင့် ပေးဆောင်နိုင်မည်ဖြစ်သည်။


အသေးစိတ်ကို https://bit.ly/ATOMPayGuideတွင် သွားရောက်ကြည့်ရှုနိုင်သည်။

အော်ဒါကိုပြန်ဖျက်နိုင်ပါသလား?
ငွေပေးချေမှုပြီးမြောက်သွားပါက အော်ဒါကိုပြန်ဖျက်နိုင်မည်မဟုတ်ပါ။
Delivery Process
ပစ္စည်းလက်ခံရရှိရန်ဘယ်လောက်ကြာမလဲ?
အော်ဒါမှာယူပြီးသည့်အချိန်မှစ၍ အနည်းဆုံး ၃ ရက်ခန့်ကြာမြင့်နိုင်ပါသည်။
ပစ္စည်းပို့ဆောင်ခဘယ်လောက်ကျသင့်သလဲ?
ပို့ဆောင်ခမှာ အခမဲ့ဖြစ်ပါသည်။ အချို့သောနေရာများတွင် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် လူကြီးမင်း မှာယူမည့် ATOM အိမ်သုံးကြိုးမဲ့အင်တာနက် စက်ပစ္စည်းအား အနီးစပ်ဆုံး ပစ္စည်းထုတ်ယူရမည့်နေရာတွင် သွားရောက်ထုတ်ယူရပါမည်
ရုံးပိတ်ရက် /အစိုးရရုံးပိတ်ရက်များတွင် ပစ္စည်းပို့ပေးပါသလား?
ဟုတ်ကဲ့ ၊ ရုံးပိတ်ရက်နှင့်အစိုးရရုံးပိတ်ရက်များ တွင်လည်းပို့ဆောင်ပေးပါသည်။
လက်ခံရရှိကြောင်းဘယ်လို အထောက်အထား ရနိုင်လဲ ?
ပို့ဆောင်သူမှလက်ခံရရှိကြောင်း receipt ပေးပါမည်။
Activation Process
Router ရပြီးရင်ဘယ်လိုဆက်လုပ်သင့်သလဲ ?

ဝန်ဆောင်မှုစတင်အသုံးပြုရန် အောက်ပါအဆင့်တိုင်း ဆောင်ရွက်ပါ။

  1. အားသွင်းကြိုးကို router တွင် တပ်ဆင်ပြီး အချက်ပြမီး အပြာရောင်/စိမ်းပြာရောင် ပြောင်းသွားသည် ကိုစောင့်ပေးပါ။
  2. Router ၏ wifi network ကို ချိတ်ဆက်ပါ ။ Wifi အမည် (SSID) နှင့် လျှိုဝှက်နံပါတ် (Wifi Key )ကို Router ၏အောက်တွင်တွေ့မြင်နိုင်သည်။
  3. အင်တာနက်ကို Activate လုပ်ပါ။
    Device နာမည်နှင့် လျှို့ဝှက်နံပါတ်ကို ဘယ်မှာရှာရမလဲ ?
    Device အမည် နှင့် လျှို့ဝှက်နံပါတ်ကို Router ၏အောက်ဖက်တွင် SSID (wifi ၏အမည်) နှင့် wifi key (လျှို့ဝှက်နံပါတ်) ကို တွေ့မြင်နိုင်သည်။
Document Verification
Plan Renewal
ဝန်ဆောင်မှုကုန်ဆုံးချိန်ကိုဘယ်လိုသိနိုင်မလဲ ?
သင့်အနေဖြင့် ဝန်ဆောင်မှုကုန်ဆုံးရက် မတိုင်မီ ၇ရက်၊ ၁ရက် အလို နှင့် သက်တမ်းကုန်ဆုံးမည့်နေ့တွင် SMS ရရှိပါမည်။
ဝန်ဆောင်မှုကို ဘယ်လိုဆက်လက် အသုံးပြုနိုင်မလဲ ?
ရရှိသော အသိပေး SMS အတွင်းတွင် ထပ်မံသုံးဆွဲရန် link ကိုထည့်ပေးထားပြီး ဖြစ်ပါသည်။ သင့်အနေဖြင့် ကြိုက်နှစ်ရာ လစဉ်ဝန်ဆောင်မှုကို renew လုပ်နိုင်သည်။
ဝန်ဆောင်မှုအမျိုးအစားကိုဘယ်လိုပြောင်းနိုင်မလဲ ?
သင့်အနေဖြင့် ဝန်ဆောင်မှုအမျိုးအစားကို renew ပြုလုပ်သည် စာမျက်နှာတွင် ပြောင်းလဲနိုင်သည်။
သက်တမ်းမကုန်ဆုံးခင်ကြိုပေးလို့ရသလား ?
သုံးစွဲသူအနေဖြင့် ကုန်ဆုံးရက်မတိုင်မီ ၇ ရက်အလိုတွင် စတင်ပေးဆောင်နိုင်ပါသည်။
အကယ်၍ဝန်ဆောင်မှုသက်တမ်းကုန်သွားရင်ဘယ်လိုဖြစ်မလဲ ?
ဝန်ဆောင်မှုဖြတ်တောက်သွားပါမည်။
Device
အော်ဒါပို့ဆောင်မှုတွင် မည်သည့်ပစ္စည်း များလက်ခံရရှိပါမည်လဲ?
Wifi- Router စက် ၁ခု၊ ပါဝါကြိုး ၁ခု၊ LAN ကြိုး ၁ ခု နှင့် အသုံးပြုနည်း လမ်းညွှန်
Router စက်၏အာမခံကာလဘယ်လောက်လဲ?
Router စက်၏အာမခံကာလမှာ ဝယ်ယူပြီး ၁၂ လအတွင်း ဖြစ်ပါသည်
Device Setting ထဲကို ဘယ်လိုဝင်ရမလဲ?
Browserတွင် 192.168.8.1 ကို ရိုက်ထည့်၍ name နှင့် password နေရာတွင် “admin”ဟုရိုက်ထည့်ပါ။
Wifi Password ကိုဘယ်ကိုပြောင်းလို့ရမလဲ?
  1. Router သို့ချိတ်ဆက်ပါ။
  2. IP address 192.168.8.1ကို သင်၏device browseတွင်ရိုက်ထည့်ပါ။
  3. ပြီးနောက် setting>WLAN basic setting သို့သွားပါ။
  4. သင့်အနေဖြင့် Network name (SSID)ကို ကြိုက်နှစ်သက်ရာပြောင်းနိုင်ပါသည်။ လျှို့ဝှက်နံပါတ်ကို WPA search Key နေရာတွင်ပြောင်းလဲနိုင်သည်။
Router အလုပ်လုပ်နေလား ဆိုတာ ဘယ်လိုသိနိုင်မလဲ?
ကွန်ယက်အခြေအနေအချက်ပြမီး အပြာရောင်/စိမ်းပြာရောင် နှင့် လိုင်းဆွဲအားအချက်ပြမီး အဖြူရောင်သို့ပြောင်းပါက အင်တာနက်ကွန်ယက်နှင့်ချိတ်ဆက်ထားပြီးဖြစ်ပါသည်
Fair Usage Policy
မျှတစွာသုံးစွဲခြင်း မူဝါဒ ဆိုတာ ဘာလဲ?
အချို့သော ဝန်ဆောင်မှု သုံးစွဲသူများသည် ပုံမှန်သုံးစွဲသော အတိုင်းအတာပမာဏထက် ကျော်လွန်သုံးစွဲမှုများပြုလုပ်နိုင်သောကြောင့် အခြားပုံမှန်သုံးစွဲသူများကို ထိခိုက်လာနိုင်ပါသည်။ထို့ကြောင့် သုံးစွဲသူများကြား ညီမျှသော ဝန်ဆောင်မှုအတွေ့အကြုံကောင်းများ ရရှိနိုင်ရေးအတွက် သုံးစွဲသူများအားလုံးလိုက်နာရန် မျှတစွာသုံးစွဲခြင်းမူဝါဒကို ချမှတ်ထားခြင်းဖြစ်ပါသည်။
ATOM အိမ်သုံးကြိုးမဲ့ အင်တာနက်အတွက် မျှတစွာသုံးစွဲခြင်းမူဝါဒ အရချမှတ်ထားသော ဒေတာပမာဏမှာ ဘယ်လောက်လဲ
မျှတစွာသုံးစွဲခြင်းမူဝါဒအရ ATOM ဧည့်အိမ်သုံးကြိုးမဲ့ အင်တာနက်အတွက် ရက်၃၀ ကို 150GB ရရှိမည်ဖြစ်သည်။
သတ်မှတ်ထားသော အများဆုံးသုံးစွဲနိုင်သော ပမာဏသို့ ရောက်ရှိ ပါက မည်သို့ဖြစ်နိုင်ပါသလဲ
မျှတစွာသုံးစွဲခြင်းမူဝါဒအရ ATOMဧည့်အိမ်သုံးကြိုးမဲ့ အင်တာနက်အတွက် ရက်၃၀ ကို မြန်နှုန်း 10Mbps ဖြင့် 150GB ရရှိမည်ဖြစ်ပြီး 150GB ထက်ကျော်လွန်အသုံးပြုပါက ရက်၃၀ အတွင်း ကျန်ရှိသောရက်များကိုမြန်နှုန်း 0.5Mbps ဖြင့် အကန့်အသတ်မရှိဒေတာကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ ပထမရက် ၃၀ ကုန်ဆုံးသည့်နေ့တွင် မြန်နှုန်း 10Mbps ဖြင့် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ရက်၃၀ အတွက် မျှတစွာသုံးစွဲမှူပမာဏ 150GB ရရှိမည်ဖြစ်ပါသည်။
မျှတစွာသုံးစွဲခြင်းမူဝါဒသည် မည်သည့်အချိန်မှစ၍ အကျုံးဝင်မည်လဲ
၂၀၁၉ ဇန်နဝါရီ ၈ ရက်နေ့မှစတင်၍ဝန်ဆောင်မှုကိုဝယ်ယူသုံးစွဲသူများ သည် ၂၀၁၉ ဇန်နဝါရီ ၈ ရက်မှစတင်၍ မျှတစွာသုံးစွဲခြင်းမူဝါဒ သက်ရောက်မည်ဖြစ်ပါသည်။ လက်ရှိဝန်ဆောင်မှု သုံးစွဲသူများသည် ဇန်နဝါရီလ ၁၅ ရက်မှစ၍ သက်တမ်းတိုးခြင်းအတွက် မျှတစွာသုံးစွဲခြင်းမူဝါဒ သက်ရောက်မည်ဖြစ်ပါသည်။
Product Knowledge
ATOM Home Wireless Internet ဆိုတာဘာလဲ?

ATOM Home Wireless Internet သည် တည်ငြိမ်ပြီး ယုံကြည်ရသော အင်တာနက်လိုင်းကို လူကြီးမင်း၏ အိမ်၌အသုံးပြုနိုင်သော ဝန်ဆောင်မှုဖြစ်သည်။

ဤဝန်ဆောင်မှုဖြင့် လူကြီးမင်း၏မိသားစုအတွက် ပိုမိုကောင်းမွန်သောအင်တာနက်ဝန်ဆောင်မှုများ (ဥပမာ - အင်တာနက်စာမျက်နှာများကြည့်ရှုခြင်း၊ တိုက်ရိုက်ရုပ်သံများကြည့်ရှုခြင်း၊ downloadဆွဲခြင်း)တို့ကို ချိုသာသောဈေးနှုန်းဖြင့် သုံးစွဲနိုင်သည်။

4G/LTE ကွန်ရက်ကိုအသုံးပြုကာ လူကြီးမင်း၏နေအိမ်အတွင်းရှိ TV, Smart Phone နှင့် အခြားသော နည်းပညာဖြင့် အသုံးဆောင်ပစ္စည်းများကို Wifiမှတဆင့် ကြိုးမဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါသည်။

ဘယ်လောက်မြန်နှုန်းကိုထောက်ပံ့ပေးမလဲ?
အမြင့်ဆုံးမြန်နှုန်း၅မီဂါဘစ် ကိုရရှိပါမည်။
Home Wireless ကို ဘာကြောင့်ရွေးချယ်သင့်သလဲ?
သင့်အိမ်၊ ရုံး၊ ရောက်ရှိရာအရပ်၌တွင်ပင် Onlineမှတဆင့်ဝယ်ယူနိုင်ခြင်း။ ငွေပေးချေမှုအပိုင်းမှာလည်းဈေးဝယ်ကောင်တာပေးစနစ်(သို့)mobile Bankingဖြင့် လွယ်ကူစွာပေးချေနိုင်ခြင်း။ အိမ်အရောက်ပစ္စည်းပို့ဆောင်မှုကို ရုံးဖွင့်ရက်(၃)ရက်အတွင်း ပို့ဆောင်ပေးပါသည်။
ဝန်ဆောင်မှုကို အိမ်အပြင်၊ လမ်းပေါ်၊ အခြားနေရာတွေမှသုံးလို့ရနိုင်ပါသလား?
အသုံးပြု၍မရပါ။ လူကြီးမင်း မှတ်ပုံတင်ထားသော နေရပ်လိပ်စာ၌ အသုံးပြုနိုင်ပါသည်။
Warranty
Router စက်၏အာမခံကာလမှာဘယ်လောက်လဲ
Router စက်၏အာမခံကာလမှာ ဝယ်ယူသည့်နေ့စွဲမှ (၁)နှစ်အတွင်းဖြစ်သည်။
မည်သည့်ချို့ယွင်းချက်များအတွက်အာမခံပေးထားသလဲ

အောက်ပါ ချို့ယွင်းချက်များအတွက် အာမခံရှိပါသည်။

  1. ညွှန်ပြသော ကိရိယာမီးများ (indicators)များ အလုပ်မလုပ်ခြင်း (ပါဝါမီး၊ ကွန်ယက်အခြေအနေ၊ Wi-Fi၊ LAN/WAN၊ Signal Strength)
  2. ပါဝါမီးကြိုးအလုပ်မလုပ်ခြင်း
  3. ခလုတ်များ အလုပ်မလုပ်ခြင်း
  4. Network port အလုပ်မလုပ်ခြင်း
မည်သည့်ချို့ယွင်းချက်များအတွက်အာမခံမရရှိပါသလဲ

အောက်ပါ ချို့ယွင်းမှုများအတွက် အာမခံပေးခြင်း မရှိပါ။

  1. Router အား အလွဲသုံးစားပြုလုပ်ခြင်း၊ မတော်တဆဖြစ်ခြင်း၊ ရွှေ့ပြောင်းခြင်း နှင့် အခြားရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများ၊ မလျော်ကန်စွာ တပ်ဆင်ခြင်း၊ ပုံမှန်မဟုတ်စွာ ကိုင်တွယ်အသုံးပြုခြင်း၊ ပစ်ထားခြင်း၊ ရေလွှမ်းမိုးမှု၊ မီး၊ ရေ နှင့် အခြားသောအရည်များကြောင့် ပျက်စီးခြင်း
  2. ATOMမှ လုပ်ပိုင်ခွင့်မပေးထားသော အခြားတစ်ယောက်၏ ပြုပြင်မှု (သို့) ပြောင်းလဲမှုကြောင့် Router ပျက်စီးမှုဖြစ်ခြင်း
  3. ATOM branded မဟုတ်သော ထုတ်ကုန်(သို့)ဆက်စပ်ပစ္စည်းများ အသုံးပြုခြင်းကြောင့် ချို့ယွင်းချက် (သို့) ပြဿနာများဖြစ်ခြင်း
  4. အာမခံ/quality စတစ်ကားများ (သို့) ပစ္စည်း၏ စီရီယာယ်နံပါတ်အား ခွာထားခြင်း (သို့) ပြောင်းလဲထားခြင်း (သို့) ဖတ်မရအောင် ပျက်စီးနေခြင်း
  5. ဝယ်ယူထားခြင်းနှင့် ပတ်သက်၍ ခိုင်လုံသော အထောက်ထားမပါခြင်း
  6. ATOM Broadband လုပ်ပိုင်ခွင့်ပေးထားသော ပြုပြင်ရေးစင်တာသို့ မပြည့်စုံသော အချက်အလက်များသာ ပေးထားခြင်း
အာမခံ ခံစားခွင့်ကိုဘယ်လိုရယူမလဲ
စက်ကို မိမိဝယ်ယူခဲ့သောဆိုင်သို့ ယူသွားပြီး စစ်ဆေးနိုင်ပါသည်။
Router စက်ချို့ယွင်းမှုသည် အာမခံ ခံစားခွင့်မရရှိပါက စက်ကိုပြန်လည်ဝယ်ယူနိုင်ပါသလား
Router စက်သီးသန့်ဝယ်ယူ၍မရနိုင်သည့်အတွက် Home Wireless Kit ကိုသာဝယ်ယူနိုင်ပါသည်။
Data Add-Ons
Base plan ဒေတာ နှင့် Add-on ဒေတာတွင် အသုံးပြုမှုများသည် မည်သည့်ဒေတာမှအရင်နှုတ်ယူမလဲ?
Base plan ဒေတာမှ အရင်နှုတ်ယူပါမည်
Add-on ပိုသောဒေတာများကို ဆက်လက်သယ်ယူအသုံးပြု၍ရပါသလား?
Add-on ပိုသောဒေတာများကို Base plan သက်တမ်းအတွင်းတွင် သယ်ယူအသုံးပြုနိုင်ပါသည်
Add-on ဒေတာကိုမည်သည့်အချိန်အထိ အသုံးပြုနိုင်သလဲ?
Add-on ဒေတာကို Base plan သက်တမ်းကုန်သည်အထိအသုံးပြုနိုင်ပါသည်